ဇာတိ ဇရာ ဗျာတိ မရဏာ
သစ်ပင်ကြီး တွေ အုံ့ဆိုင်းလို့ အရိပ်ကောင်းလှသည့် မြေလမ်းကလေး ကို ကွေ့ကွေ့ကောက်ကောက် လျှောက်ပြီး အိမ်ဆောင်လေး တခု ရောက်တော့ နံပါတ်ကို ကြည့်လိုက်သည်။ ဒီနံပါတ်ပါပဲလေ ဟု တွေးရင်းက မိုးအောင် လှေခါးရင်းမှာဖိနပ်ချွတ်လိုက်သည်။ သုံးလေးဆင့်သာ ရှိတဲ့ လှေခါးလေးက တက်လာလိုက်တော့ သစ်သား ကြမ်းခင်း ကပြင်ခေါင်းရင်း ဘက်မှာ ပက်လက်ကုလားထိုင်တလုံးပေါ် ထိုင်နေတဲ့ အမျိုးသမီးကြီး ကို တွေ့လိုက်ရသည်။
ယောဂီရောင် ထမီ နှင့် ရင်ဖုံးလက်ရှည်အဖြူရောင် ဝတ်ထားပြီး၊ ပုခုံးမှာ ယောကီရောင် ပုဝါလေး စလွယ်သိုင်းပတ်ထားတဲ့ အမျိုးသမီးကြီးက လှေခါးက တက်လာကာ သူ့ဆီ လျှောက်လာနေသည့် မိုးအောင်ကို စူးစိုက် ကြည့်နေမိသည်။ မိုးအောင် ခြံဝင်းထဲ ဝင်လာတုံးက တရားမှတ်နေသလား တခုခု ကို တွေးနေသလား မသိ သူမ မျက်လုံးအစုုံကို မှိတ်ထားလို့ မသိလိုက်။ လှေခါးကနေတက်လာမှ ခြေသံနဲ့ အတူ သိမ့်ကနဲကြမ်း ကတုံ သွားလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့မှ တွေ့ခြင်းသာ။
မိုးအောင် သူမ ရှေ့ကြမ်းပြင်မှာ ထိုင်ချလိုက်မှ မျက်နှာကို မှတ်မိသွားပြီး ရုတ်တရက် အံ့အောသွားရသည်။
"ဟင်.. အေအီး.."
"ဟုတ် ဒေါ်ကြီးမထား .......အင်း အဲလို ခေါ်ရမှာလား ဆရာလေး လို့ ခေါ်ရမှာလား"
"အင်း ဒေါ်ကြီးမထား ပဲ ခေါ်ပါ အေအီး ရယ် ကျမ သီလရင် ဝတ်ဖို့ ဆုံးဖြတ်ချက် မချရသေးပါဘူး"
ဒေါ်မေထား ကုလားထိုင်ပေါ်မှ ကမန်ကတန်းထလိုက်မိသည်။ သူမ က ခုလို အမြင့်မှာထိုင်နေပြီး မိုးအောင်က သူမရှေ့ကြမ်းပြင်မှာ ထိုင်နေတာမျိုး သူမ မနေတတ်၊စိတ်ထဲ တမျိုးဖြစ်မိသဖြင့် ဖြစ်သည်။
"ဒေါ်ကြီးမထား ထိုင်ပါ ဘာဖြစ်လို့လဲ"
"ကျမ မထိုင်တတ်လို့ အေအီးရယ် ဖျာပေါ်မှာ ပဲ ထိုင်ပါရစေ၊ ဒါနဲ့ အေအီးတခုခု သောက်ပါလား ရေနွေးကြမ်းသွားထည့်လိုက်မယ်"
"အာနေ ..နေ မလုပ်နဲ့ မလိုဘူး၊ ထိုင်ပါ ဒေါ်ကြီးမထား ကလည်း တွေ့တုံးလေး စကားပြောရအောင်"
"ဟုတ်ကဲ့ အေအီး"
ဟုပြောလိုက်သော်လည်း ကုလားထိုင်ပေါ် ပြန်မထိုင်၊ မိုးအောင် နှင့် ဘေးချင်းယှဉ်ရက် ဖျာပေါ်မှာ
ဒူးလေး ဘေးစောင်းခွေလျှက် ထိုင်ချလိုက်သည်။
"ကျွန်တော်လည်း အပြင်ရောက်သွားတာ နှစ်ပေါင်း အတော်ကြာသွားတော့ သတင်းက အစ အကုန်အဆက်အသွယ်ပြတ်နေတာ၊ ဦးကြီးဆောင် ဆုံးသွားတယ် ဆိုတာလည်း သုံးလေးနှစ်ကြာမှ ပေါ်ဦး ပြောလို့ သိရတာ၊ အခုလည်း ဒီနေရာကို သိအောင် တော်တာ် စုံစမ်းလို်က်ရတယ်"
"အင်း အေအီး နိုင်ငံခြား ထွက်သွားပြီး၊ ဟိုမှာ နိုင်ငံခြားသူ တယောက်နဲ့ ရ၊ ကလေးတွေလည်း ရနေပြီ ဆိုတာတော့ တဆင့်ကြားရပါတယ်။ အေအီး ထွက်သွားတာလည်း ကောင်းဖို့ ပါပဲ အေရီးရယ်၊ ဒီမှာ က ခေတ်မကောင်းတော့ပါဘူး။ ကျမတို့ နေခဲ့တဲ့၊ အေအီး ရဲ့ ဆိုက်လဲ ပုဂ္ဂလိက လက်ထဲ ထိုးအပ်လိုက်ပြီး ခုတော့ ဘာမှ ကို အသံမကြားရတော့ပါဘူး"
"ဟုတ် ဒေါ်ကြီးမထား၊ ခေတ်တွေက ဒီလိုပါပဲ အမြဲတမ်းပြောင်းနေတာပါပဲလေ"
"ဟုတ်ကဲ့ အေးအီး၊ အေအီးကို ခုလို ကျန်းကျန်းမာမာ တောင့်တောင့်တင်းတင်း နဲ့ မြင်ရတာ အရမ်းဝမ်းသာတယ်"
"ကျွန်တော်လည်း ဒေါ်ကြီးမထားကို ကျန်းကျန်းမာမာ ပြည့်ပြည့်ဖြိုးဖြိုး နဲ့ ပြန်တွေ့ရတာ ဝမ်းသာတယ်၊ ခုလို အဆင်ပြေနေတာလည်း ဝမ်းသာတယ်"
"အဆင်ပြေတယ်လို့ တော့မဟုတ်ဘူးပေါ့ အေအီးရယ် သားသမီးတွေက သိတတ် တော့လည်း သူတို့ သုံးယောက် က စုပြီး လစဉ်ကန်တော့ငွေလေး တွေ ပို့ပေးနေတော့ သက်တောင့်သက်သာတော့ နေရပါတယ်"
"အင်းသူတို့ ပြန်ရောလာကြရဲ့လား၊ ခုရော ဒေါ်ကြီးမထား က ဘယ်သူနဲ့ နေတာလဲ"
"တနှစ်တခါလောက်တော့ တလှည့်စီ ပြန်လာပါတယ်။ ခု ကတော့ တူမလေးနဲ့နေတယ်လေ၊သူက ကျောင်းဆရာမ၊ ဆိုတော့ ခု ကျောင်းသွားနေတယ်။ ညနေကျမှ ပြန်လာမှာ"
"အင်း မယ်သီလရင် ဝတ်တော့မယ်ဆိုတော့ တော်တော်တရားပေါက်နေပြီလို့ ဆိုရမှာပေါ့နော် ဒေါ်ကြီးမထား"
"အဲလောက်ကြီးတော့လည်း မဟုတ်ပါဘူး အေအီးရယ်၊ သေတဲ့အချိန် ပါသွားဖို့ အထုပ်ထုပ်ထားရမယ်ဆိုလို့ ပါနိုင်မယ့်ဟာလေးတွေ ထုပ်ဖို့ ကြိုးစားတဲ့ သဘောလောက်ပါ"
"ကျွန်တော်ထင်တာ ပြောမယ်နော် ဒေါ်ကြီးမထား၊ လက်ခံဖို့ မလိုပါဘူး၊ ကိုယ်စိတ်ထဲ ယုံကြည်တာကိုသာ လုပ်ပါ၊ အဲဒါမှ အသက်ရှင်နေတဲ့ ကာလမှာ စိတ်ချမ်းသာ မှာလေ"
"ဟုတ်ကဲ့ အေအီး"
"ကွှန်တော်က တော့ အရင်ဘဝက ကျွန်တော်ဘာလုပ်ခဲ့တယ် ဆိုတာလည်း မသိဘူး၊ ရှင်းရှင်းပြောရရင်၊ ကျွန်တော်ဘာလဲ ဆိုတာတောင် မသိပါဘူး၊ ပါဠိလို ဇာတိဇရာဗျာတိမရဏာ ဆိုသလို ဇာတိ ဆိုတဲ့ လူ့ဘဝကို ရပြီး အသက်ရွယ်ကြီးလာလို့ ဇရာ ဖြစ်မယ်၊ ဗျာတိ ဆိုတဲ့ အနာရောဂါရမယ်၊ ပြီးရင် မရဏ ဆိုတဲ့ သေခြင်းကို ရောက်မယ်။ ဒါဟာ ပုံမှန်ဖြစ်စဉ်တွေပဲ လို့ ကျွန်တော်ထင်တယ်။ အဲတော့ အဲဒါတွေ ဖြစ်မယ်ဆိုတာလည်း သိပြီးသားပဲ၊ အဲတော့ ဇာတိ နဲ့ မရဏ ကြားမှာ လုပ်သင့်တာလေး တွေ လုပ်မယ်။ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း စတာတွေ ဖြစ်မယ်၊ နာမယ်၊ သေမယ်၊ ပေါ့ဗျာ၊ အဲတာတွေ ကို ဖြစ်မှာ ကြောက်လို့ ဆိုပြီး လွတ်မြောက်အောင် ကျင့်ကြံ မယ်ဆိုရင် အဲဒီ ကျင့်စဉ်ကို ကျင့်နေရတာနဲ့ ဘဝ တခုက ပြီးဆုံးသွားမှာပဲ၊ အတ္တ ကို စင်ရမယ်လည်း ပြောတယ် အတ္တ ကိုလည်း မလွတ်နိုင်ဘူး၊ ငါ့ အတွက် လုပ်နေတာနဲ့ ပဲ တခြား ဘဝတူ လူသားတွေ သက်ရှိတွေ အတွက် အကျိုးရှိမဲ့ ဟာ၊တွေ ၊ သူတို့ နဲ့ ချစ်ခင်ရင်းနှီး ပျော်ရွင်စွာ နေထိုင်သွားရမဲ့ ဟာတွေ ပြစ်ပယ်ပြီး ငါ့အတွက်ဆိုပြီး နောင် ဘယ်လို ပြန်ရမယ်ဆိုတာ မသိတဲ့ ငါ့အတွက် ဘဝတခုလုံး ရဲ့ အချိန်တွေကို အသုံးချသွားမှာလား"
"အဲလိုတော့လည်း မတွေးမိပါဘူး အေအီးရယ်၊ ချစ်ပြီးရင် ခွဲရတော့ ဝမ်းနည်းမယ်၊ ကြေကွဲမယ် ခံစားရမယ်၊ ဒုက္ခ တွေကို ရင်ဆိုင်ရမယ်၊ အဲဒါတွေ ချူပ်ငြိမ်းဖို့ က ခုရတဲ့ ဘဝကတည်းက စကျင့်ရမှာလေ၊ ဘဝပေါင်းများစွာ ပါရမီဖြည့်ပြီးမှ ကျင့်ကြံပြီးမှ အဲဒီ ဒုက္ခတွေအားလုံးကင်းစင်တဲ့ နိဗ္ဗန်ဆိုတာကို ရမှာမဟုတ်လား၊ အိုရမယ် ၊နာရမယ်၊ သေရမယ် ဆိုတာတွေက ဒုက္ခ တွေလေ"
"အဲဒါဆိုရင် လူတိုင်းက နိဗ္ဗန်ဆိုတာကို ရောက်အောင် လေ့ကျင့်ကြရင် လူသား မျိုးဆက် ဆိုတာ မရှိနိုင်တော့ဘူးပေါ့ အဲလိုလား ဒေါ်ကြီးမထား၊ ဆိုတော့ လူသား ဆိုတာ ဖြစ်လာတာကိုက မကောင်းဘူး လို့ ဆိုတဲ့ သဘောလား"
"အေအီးနဲ့ တော့ စကားပြိုင် မငြင်းပါရစေနဲ့ အေအီးရယ်၊ ကျမ လည်း သိပ်နားမလည်ပါဘူး"
"ကျွန်တော်လည်း သေခြာသိလို့ တော့ ပြောနေတာတော့ မဟုတ်ပါဘူး ဒေါ်ကြီးမထားရယ် အခု ခေါင်းထဲ မှာ ပေါ်လာတဲ့ဟာတွေကို ပြောပြမိတာပါ၊ တကယ်ပြောချင်တာက တော့ ဇာတိ ဆိုတဲ့ ဘဝ ကို ရလာပြီးမှ တော့ ပျော်စရာတွေ့ရင်လည်း ပျော်လိုက် ၊ ဝမ်းနည်းစရာကြုံရင်လည်း ဝမ်းနည်းလိုက်ပေါ့လို့ ပြောချင်တာပါ"
ထို အချိန်မှာပင် ဒေါ်မေထား ကုလားထိုင်လက်ရမ်းပေါ်မှ ဆဲလ်ဖုံး ကထမြည်လာသည်။
"ပြောသမီး ဘာလဲ"
"...................."
"အင်း ရတယ်လေ ကိစ္စမရှိဘူး စိတ်မပူနဲ့ ဒေါ်ကြီး သိတယ်၊ သမီး စိတ်ချလက်ချ သွား"
"............................"
"အင်းပါ ရပါတယ် ဆို ကဲကဲ ဒါပဲ ဒေါ်ကြီးမှာလည်း ဧည့်သည်တယောက်ရောက်နေလို့"
"...................."
"အော် ဒေါ်ကြီး အရင်က ပြောပြော နေတဲ့ ဒေါ်ကြီးတို့ ဆရာ ဦးမိုးအောင် ဆိုတာလေ"
"........................"
"ဒါပဲနော် သမီး အင်းအင်း၊ အေးဆေးသာနေ"
ဒေါ်မေထား ဖုံးချလိုက်ပြီး သူမ ကို လှမ်းကြည့်နေတဲ့ ကိုမိုးအောင် ကို အကြိုးအကြောင်း ပြောပြလိုက်တယ်။
"အတူနေတဲ့ တူမလေးက အခု သူ့အဖေ နေမကောင်းလို့တဲ့၊ အဲဒါ ကျောင်းဆင်းရင် သူ့အဖေအိမ် သွားကြည့်မလို့တဲ့ အိပ်ဖြစ်ဖို့ များတယ်တဲ့ အဲဒါ ကျမကို စိတ်ပူနေမှာ စိုးလို့ ဖုံးလှမ်းဆက်တာပါ"
"အော် ဒါဆို ဒီည ဒေါ်ကြီးမထား တယောက်ထဲ ဖြစ်နေမှာပေါ့"
"ရပါတယ် အေအီး ကျမ ဒီလို ပဲ နေနေတာ ကြာပါပြီ"
"ကျွန်တော်လည်း ဒီနေ့ ထွေထွေထူးထူး ဘယ်မှ သွားစရာမရှိတော့ ရှေးဟောင်းနှောင်းဖြစ်လေး တွေ ပြော ရင်းဒီမှာ ပဲ ညအိပ်လိုက်မယ်လေ၊ ရတယ်မလား"
"အင်း ရပါတယ် အေအီးရဲ့"
"ရပါတယ် ဆိုတာက ကျွန်တော်အိပ်မယ် ဆိုတာကို ရပါတယ်ပြောတာလား၊ မအိပ်ပဲ နေလည်း ရပါတယ်ပြောတာလား ဟားဟား"
"အေအီး အိပ်မယ်ဆို ရပါတယ်လို့ ပြောတာပါ၊ ကျမ က ဧည့်ခံစရာ ကောင်းကောင်းမရှိလို့ အားနာနေတာပါ"
တနေ့လုံး အုံ့ဆိုင်းနေတဲ့ မိုးက အခု မှ စပြီး ပေါက်ကွဲတော့သည်။ အစပျိုးလာတဲ့ မိုးပေါက် လေးတွေက လေနဲ့ အတူ ခေါင်မိုး သွပ်ပြားပေါ်ကို တဒေါင်းဒေါင်း စပြီး အသံပေးကျလာတော့သည်။
"အင်း ဒီမိုး ဒီရေ နဲ့ တော့ ကျွန်တော့် ဆုံးဖြတ်ချက် ခိုင်မာသွားပြီ၊ ဒေါ်ကြီးမထား ကျွန်တော် ဒီမှာပဲ အိပ်တော့မယ်၊ မနက်ကျမှ သူငယ်ချင်းတယောက် ကို ဖုံးခေါ်ပြီး လာကြိုခိုင်းလိုက်တော့မယ်"
"အင်းအင်း အေအီး ကျမတို့ အိမ်ထဲ ဝင်ရအောင် ဒီကပြင် က မိုးပက်လိမ့်မယ်၊ အပေါ်က ပလပ်စတိတ်အကာ လေး ဖြည်ချလိုက်အုံးမယ်"
"အော် ဒါတွေလား ကျွန်တော်လုပ်လိုက်မယ်၊ သွားသွား ဒေါ်ကြီးမထား အထဲဝင်နှင့်"
သူတို့ ထိုင်နေကြသော နေရာလေးမှာ အပြင်ဘက်သံဇကာကွက်များသာ ကာထားသဖြင့် မိုးရွာပါက မိုးပက်လာမည်ဖြစ်သဖြင့် ဆက်ထိုင်နေ၍ မရတော့ခြေ။ ထိုအတွက် ပလတ်စတိတ်ကာဗာ အဆင်သင့် ချိတ်ဆွဲထားပြီး မလိုအိပ်ချိန်တွင် လိပ်တင်ကာ အပေါ်တွင် ကြိုးချည်ထားသည်။ ထိုကြိုးလေးတွေကို လိုက်ဖြုတ်ချလိုက်တော့ မိုးလေဒဏ်မှ ကာကွယ်ပြီး ဖြစ်သွားသည်။ သို့သော်လည်း အိမ်တွင်းမှာတော့ မှောင်သွားလေသည်။ ဒေါ်မေထားက အိမ်တွင်းမှ လေးပေမီးချောင်းကို ဖွင့်လိုက်တော့ အလင်းရောက်က ဖြာကျသွားသည်။ နောက်တော့ အိပ်ခန်းထဲ ဝင်သွားသည်။ အတန်ကြာမှ ပြန်ထွက်လာပြီး၊
"အေအီး ဒီအိမ်မှာတော့ အိပ်ခန်းက တခန်းပဲ ရှိတယ်၊ အခန်းထဲမှာ တူမလေး နဲ့ ကျမ ခြင်ထောင်တလုံးစီ နဲ့ နံရံတဖက်စီ ကပ်အိပ်ကြတယ်။ အခု တူမလေး အိပ်ယာကို နည်းနည်း ရှင်းပြီး အိပ်ယာခင်း အသစ်လဲပေးထားတယ်၊ အေအီး အိပ်ဖို့"
"ရပါတယ်၊ တကူးတက လုပ်မနေပါနဲ့ ဖြစ်သလိုပေါ့"
သို့နှင့် သူတို့ နှစ်ယောက် ရှေးဟောင်းနှောင်းဖြစ်များကို ပြောဖြစ်ကြသည်။ နောက်တော့ ရှိသည့် ဟင်းလေး နွေးပြီး ညနေစာ စားကြသည်။ မိုးလေး အေးအေး မှာ ရေနွေးကြမ်း ထိုင်သောက်ရင်း စကားစမြီ ဆက်ပြော ကြသည်။ ညကလည်း မှောင်လာပြီ။ တနေ့လုံး မပြောပဲ ရှောင်လာသော အကြောင်းအရာဖက်ဆီသို့ မိုးအောင် စကားစလိုက်သည်။
"ဒေါ်ကြီးမထား ကျွန်တော် မေးစရာ ရှိလို့"
"အင်း ဘာလဲ အေအီး"
"ကျွန်တော်တို့ အဲဒီတုန်းက ဖြစ်ခဲ့ကြတာတွေ ဒေါ်ကြီးမထား ပြန်တွေးတော့ နောင်တ ရလား"
"အဲဒီအကြောင်းတွေ မပြောပါနဲ့ တော့ အေအီးရယ်"
"အင်း ဒေါ်ကြီးမထား မပြောချင်တော့ပေမဲ့ ကျွန်တော် တော့ နည်းနည်းပြောချင်တယ်၊ ကျနော် အိမ်ထောင်ကျပြီးတော့ နည်းနည်းကြာတဲ့ အထိ နောင်တရမိတယ်၊ ငါမလုပ်သင့်တာတွေ လုပ်မိခဲ့တယ်ဆိုပြီး၊ အာ့ကြောင့်လည်း ကျွန်တော်ပြန်လာရင် အရင်က မှားခဲ့တာတွေကို မေ့လို့ ရအောင် ရှောင်နေခဲ့တာ။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က စလို့ ကျွန်တော့် အမြင် အတွေးအခေါ်တွေ ပြောင်းလာတယ်။ ငါ မှားခဲ့တယ်လို့ ထင်တာက ဘယ်အခြေခံကလာသလဲ ဆိုတာ စဉ်းစားတယ်၊ ဘယ်သူတွေကို ထိခိုက်နစ်နာစေခဲ့သလဲ လို့ တွေးတယ်။ အခုတော့ အမြင်က ကိုယ့်ကိုယ်ကို ပြောရရင် ပိုကြည်လာတယ်လို့တောင်ထင်မိတယ်၊ အဲဒါကြောင့် ဒေါ်ကြီးမထားလည်း ကိုယ့်စိတ်ကိုယ်ကို ဒုက္ခမပေးနေစေချင်လို့ ဒေါ်ကြီးမထားနေရာကို ကျွန်တော် တကူးတက လိုက်စုံစမ်းပြီးမှ လာခဲ့ရတာ"
"အင်း ကျမ စိတ်ထဲမှာတော့ ဘာမှ အရမ်းကြီး လေးလေး နက်နက်တွေးမနေပါဘူး အေအီးရယ်၊ အေအီးဟာ စိတ်ထားပြည့်ဝတဲ့ လူကောင်းတယောက်၊ ဘယ်သူ့အကျိုးစီးပွားကို မှ ထိခိုက်နစ်နာအောင် လုပ်ချင်စိတ်မရှိတဲ့လူတယောက်ဆိုတာ အစကတည်းက သိပါတယ်၊ ကဲ အေအီးလည်း နားရတော့မယ်လေလာလာ ကျမ ပြပေးမယ် အိပ်ဖို့"
ဒေါ်ကြီးမထား အနောက်ကို လိုက်ပြီး အခန်းထဲဝင်လိုက်တော့ ၂၅ဝပ်အား မီးလုံးဝါဝါ အောက်မှာ အခန်း နံရံ တဖက်တချက်စီကပ်လျှက် ခြင်ထောင်နှစ်လုံး နဲ့ ခင်းထားတဲ့ အိပ်ယာတွေ တွေ့လိုက်ရပါတယ်။ နောက်တော့ ခြေလက်တွေ ဆေး အပေါ့အလေးသွားပြီး တယောက် ခြင်ထောင်တလုံး စီထဲ ဝင်ပြီး ပက်လက်ကလေး လှဲမှိန်းနေလိုက်ကြသည်။ မိုးခြိမ်းသံ နှင့် အတူ ထုံးစံ အတိုင်း မီးက ဖြတ်ကနဲ ပြတ်သွားသည်။
"အင် အေအီး ဘာလိုချင်လို့လဲ ဟင်၊ ဖယောင်းတိုင်လား"
အမှောင်ထဲ မှာ သူမ ခြင်ထောင်ထဲလူတယောက်ဝင်လာတာ သိလိုက်ရလို့ ဒေါ်ကြီးမထားက မေးလိုက်သည်။
"ကျွန်တော် ဒီမှာ အိပ်ချင်လို့လေ ဒေါ်ကြီးမထား ဖြစ်တယ်မလား"
"အင်း"
မိုးအောင် က သူ့ကို ကျောပေးအိပ်နေသော ဒေါ်ကြီးမထား အနောက်မှ ကပ်ထားလိုက်ရင်းသူ့လက်တဖက်က ဒေါ်ကြီးမထားခါးလေးကို သိုင်းဖက်ကာ ဘိုက်သားလေးပေါ် လက်တင်လိုက်သည်။ဒေါ်မေထားက သူမ နောက်ပိုင်းကို အနောက်ကော့ပြီး မိုးအောင် ရင်ခွင်ထဲ သို့ အသာတိုးကာ ဖိကပ်ထားလိုက်သည်။နောက်တော့ လေသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
"အေအီး ခေါင်းရင်း မှာ အုံးဆီ ပုလင်းလေး ရှိတယ်"
အပြင်က မိုးတွေက ပိုပြီး သည်းထန်လာသည်။ ခေါင်းမိုးသွပ်ပြားပေါ် မိုးစက်တို့ ရိုက်ခတ်သံက ဗြောင်းဗြောင်း ထနေသည်။ လေ က ပဲ ကြမ်းတာလား၊ မိုးကပဲ ရေပါလို့လား၊ ဘာလား၊ ညာလား တော့ မသိ၊ အိမ်ကလေးက တသိမ့်သိမ့် တုံခါနေလေသည်။
Comments
Post a Comment